International News

အိန္ဒိယနိုင်ငံသို့ နို့၊ ဝက်သား၊ ငါးနှင့် ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများ တင်သွင်းရာတွင် ပေါင်းစပ်သက်သေခံလက်မှတ် တစ်စောင်တည်းတင်ပြခြင်းကို လက်ခံမည်ဖြစ်ကြောင်း

Last Updated:

အိန္ဒိယနိုင်ငံ၊အစားအစာဘေးကင်းရေးနှင့်စံချိန်စံညွှန်းအာဏာပိုင်အဖွဲ့ FSSAIမှ အိန္ဒိယနိုင်ငံအတွင်းသို့ စားသောက်ကုန် ပစ္စည်းများတင်သွင်းရာတွင် တင်ပြရမည့် ကျန်းမာရေးသက်သေခံလက်မှတ် (Health Certificate) လိုအပ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

FSSAI မှ ထုတ်ပြန်သည့် အဆိုပါရှင်းလင်းချက်တွင် ကုန်ပစ္စည်းတင်ပို့သည့်နိုင်ငံများ၏ သက်ဆိုင်ရာအာဏာပိုင်အဖွဲအစည်းများမှ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဝက်သားနှင့် ဝက်သားနှင့် ဆက်စပ်ထုတ်ကုန်ပစ္စည်းများနှင့် ငါးနှင့်ငါးဆက်စပ်ထုတ်ကုန်ပစ္စည်းများအတွက် Sanitaryand Veterinary Certificate သက်သေခံလက်မှတ်များထုတ်ပေးထားပြီး ဖြစ်မည်ဖြစ်ကြောင်း၊ သို့ရာတွင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိ၍ သွင်းကုန်ရှင်းလင်းရေး (Import Clearance) လုပ်ဆောင်သည့်အခါတွင် အဆိုပါကုန်ပစ္စည်းသုံးမျိုးနှင့် ဆက်စပ်ထုတ်ကုန်ပစ္စည်းများအတွက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ထားပြီး ဖြစ်သည့်ပုံစံ၌ အစားအစာဘေးကင်းရေးနှင့် သက်ဆိုင်သည့် လိုအပ်သည့် အချက်အလက်များအားလုံးထည့် သွင်းရေးသားထားသည့် ပေါင်းစပ်သက်သေခံလက်မှတ် တစ်စောင်တည်းတင်သွင်းခြင်းကို လက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ အသက်ဝင်မည်ဖြစ်ပါသည်။

Source: www.fssai.gov.in

(ခက်ခက်နွယ်ဖူး၊ MYANTRADE)

Category: International News